Tuesday, April 9, 2019

လူဘဝ အရေတာ္ေစခ်င္


♡♡♡♡♡

ပညာဉာဏ္ကင္း လူမိုက္မွာမူ
ဒါနျပဳေရး အေလးမမူ
ယွဥ္လာေအာက္က် ေနာင္တစိတ္ပူ
လူ႔ဘဝ အရမေတာ္သူ----

ပညာဉာဏ္ကင္း လူမိုက္မွာမူ
သီလေစာင့္ေရး အေလးမမူ
ယွဥ္လာေအာက္က် ေနာင္တစိတ္ပူ
လူ႔ဘဝ အရမေတာ္သူ----

ပညာဉာဏ္ကင္း လူမိုက္မွာမူ
ဘာဝနာပြားေရး အေလးမမူ
ယွဥ္လာေအာက္က် ေနာင္တစိတ္ပူ
လူ႔ဘဝ အရမေတာ္သူ----

ဒါနမျပဳ သီလကင္းသူ
ဘာဝနာပြားေရး အေလးမမူ
တမလြန္ေရာက္မွ ေနာင္တစိတ္ပူ
ပါယ္ေလးပါး စုန္ဆန္ေမ်ာမည့္သူ---

မေသခင္ေလး ေမၽွာ္ေတြးကာယူ
ဒါန,သီလ ဘာဝနာသုံးမူ
ျပဳလိုက္ၾက လူ႔ဘဝ အရေတာ္သူ----

၉-၉-၂၀၁၂၊
(၁၃၇၄-ခု၊ ဝါေခါင္လဆုပ္-၈-ရက္) တနဂၤေႏြေန႔။

https://plus.google.com/115646881694723189519
######
Unicode

လူဘဝ အရတော်စေချင်
♡♡♡♡♡

ပညာဉာဏ်ကင်း လူမိုက်မှာမူ
ဒါနပြုရေး အလေးမမူ
ယှဉ်လာအောက်ကျ နောင်တစိတ်ပူ
လူ့ဘဝ အရမတော်သူ----

ပညာဉာဏ်ကင်း လူမိုက်မှာမူ
သီလစောင့်ရေး အလေးမမူ
ယှဉ်လာအောက်ကျ နောင်တစိတ်ပူ
လူ့ဘဝ အရမတော်သူ----

ပညာဉာဏ်ကင်း လူမိုက်မှာမူ
ဘာဝနာပွားရေး အလေးမမူ
ယှဉ်လာအောက်ကျ နောင်တစိတ်ပူ
လူ့ဘဝ အရမတော်သူ----

ဒါနမပြု သီလကင်းသူ
ဘာဝနာပွားရေး အလေးမမူ
တမလွန်ရောက်မှ နောင်တစိတ်ပူ
ပါယ်လေးပါး စုန်ဆန်မျောမည့်သူ---

မသေခင်လေး မျှော်တွေးကာယူ
ဒါန,သီလ ဘာဝနာသုံးမူ
ပြုလိုက်ကြ လူ့ဘဝ အရတော်သူ----

၉-၉-၂၀၁၂၊
(၁၃၇၄-ခု၊ ဝါခေါင်လဆုပ်-၈-ရက်) တနင်္ဂနွေနေ့။

https://plus.google.com/115646881694723189519